၃၁ ဇူလိုင် 

 

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ဟာ မြောက်ပိုင်းအိုင်ယာလန်ခေါင်းဆောင်တွေနဲ့ ဘရစ်ဇစ်အကြောင်း ဆွေးနွေးရန် ဘဲလ်ဖက်စ် ကို မနေ့ညက ရောက်ရှိခဲ့ပါတယ်။ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ မြောက်ပိုင်းအိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ 

 

အိုင်းရစ်ခေါင်းဆောင်တွေက ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံဟာ သဘောတူညီချက်နဲ့ပဲ ထွက်ထွက်၊ သဘောတူညီချက်မပါနဲ့ ထွက်ထွက် အဲဒီအကြောင်းတရားက ဗြိတိန်နိုင်ငံ ပြိုကွဲသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ 

 

အိုင်ယာလန်ဟာ ကုန်းလမ်းဆက်သွယ်ရေးဖြစ်တဲ့အတွက် ဘရစ်ဇစ်အပြီးမှာ အခုလိုဘဲ ကုန်ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် ကုန်သွယ်ခွင့်ကို ဗြိတိန်ရော အိုင်ယာလန်ပါ အလိုရှိနေပါတယ်။ 

 

အိုင်ယာလန် နဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ပယ်ဖျက်ခြင်းအားဖြင့် တင်းမာမှုတွေ လျှော့နည်းမယ်လို့ စဉ်းစားထားပေမယ့် ဘရစ်ဇစ်အပြီးမှာ အိုင်ယာလန်ဟာ ဥရောပသမဂ္ဂအတွက် ရှေ့တန်းနေရာမှာ ရရှိလာဖြစ်ပြီး အဲဒီနေရာမှာ တရားဝင် မူဝါအရ အရေးပါလာမယ့် နေရာဖြစ်ပါတယ်။ အဲဒီအကြောင်းအရာ ဆွေးနွေးရာတွင် ဝန်ကြီးချုပ်ဟောင်း ထရီဇာမေအတွက် အကျပ်အတည်းတွေ့ခဲ့ပါတယ်။


 
အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရာကာ က အိုင်ယာလန်နယ်စပ်နဲ့ ပတ်သက်တဲ့အစီစဉ်ကို လက်ခံနိုင်စရာမရှိဘူး အဲဒီကိစ္စကြောင့် အိုင်ယာလန်နဲ့ ဥရောပသမဂ္ဂတို့ကြား ဆွေးနွေးရာမှ အဆင်မပြေမှုတွေရှိခဲ့ကြောင်း၊ ဘောရစ်ဂျွန်ဆင်ရဲ့ အစီအစဉ်အတိုင်း ဥရောပသမဂ္ဂနေ ဗြိတိန်ဟာအောက်တိုဘာ ၃၁ ရက်မှ ထွက်ခွာမယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြောပါတယ်။ 

 

သဘောတူညီချက်တစ်စုံတစ်ရာမပါဘဲ ထွက်ခွာမယ်ဆိုရင် အိုင်ဟာလန်ရဲ့ စီးပွားရေးကို ခြိမ်းခြောက်သလိုဖြစ်နေမှာ ဖြစ်ပါတယ်။ 

 

ဝန်ကြီးချုပ်သစ်ဟာ တနင်္လာနေ့က စကော့တလန်နိုင်ငံကို သွားရောက်ပြီး  စကော့တလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာ စကော့တလန်က ခွဲထွက်ရေးကို တောင်းဆိုခဲ့ပါတယ်။ 

 

အင်္ဂါနေ့မှာတော့ ဝေးလ် ကို ဘောရစ်ဂျွန်ဆင်ရောက်ရှိပြီး ဘရစ်ဇစ်အပြီးမှာ ဗြိတိန်ညီညွှတ်ရေးကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ 

 

MDN
ကိုးကား - AFP