၃ ဧပြီ
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ နဲ့ အတိုက်ခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်တို့ ဒီကနေ့တွေ့ဆုံပြီး ဘရစ်ဇစ်အတွက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

လေဘာပါတီက ဗြိတိန်ကို EU နဲ့ ကုန်သွယ်ရေး လွတ်လပ်ခွင့် နဲ့ အလုပ်သမား အခွင့်အရေးတွေကို အဓိက ဦးစားပေး ဖြစ်တယ်လို့ ပါတီခေါင်းဆောင် ကိုဘင်က ဆက်တိုက်ပြောဆိုနေပြီး ဗြိတိန်အစိုးရက ဥရောပသမဂ္ဂကနေ ထွက်ပြီးနောက် ကုန်သွယ်ရေးမှာ လွတ်လပ်မှုရှိမယ်လို့ ပြောနေပါတယ်။
ပြီခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဗြိတိန်နိုင်ငံက EU ကနေထွက်ဖို့ နောက်ဆုံးရက်ဖြစ်ပေမယ့် နောက်ဆုံးရက်ကို ဧပြီ ၁၂ ရက်နေ့အထိ ရွေ့ဆိုင်းထားပါတယ်။
ဗြိတိန် ဥရောပသမဂ္ဂကနေ ထွက်ခွာချင်သူတွေထဲက လွှတ်တော်အမတ် ဂျာကော့ရီးစ်မော့က ဧပြီ ၁၂ ရက်နေ့မှာ ဘာသဘောတူညီချက်မှမယူဘဲ ထွက်ပါလို့ ဘီဘီစီသတင်းဌာနကို ပြောနေပါတယ်။
MDN
ကိုးကား - AFP