၂၄ ဇူလိုင်

ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရာထူးကို ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ လက်ခံမယ့် ဘောရစ်ဂျွန်ဆင်က မနေ့က ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ရာထူးကို လက်ခံတဲ့အခမ်းအနားမှာ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာလို့  ရအောင်လုပ်ဆောင်မယ်လို့ ကတိပေးပြောကြားသွားပါတယ်။

 

mdn

 

အသက် ၅၅ နှစ်အရွယ် ဂျွန်ဆင်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဘုရင်မကြီးနဲ့ တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် တာဝန်ကို တရားဝင်လက်ခံမှာဖြစ်ပြီး ဝန်ကြီးချုပ်နေအိမ်ရှိရာ ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ ကို ပြောင်းရွှေ့နေထိုင်မှာဖြစ်ပါတယ်။ အိမ်နံပါတ် ၁၀ ကို ဝန်ကြီးချုပ်အဖြစ် မပြောင်းခင် အိမ်ရှေ့မှာ ဝန်ကြီးချုပ်သစ်ရဲ့ မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။

 

mdn

 

ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိန် နဲ့ အိုင်ယာလန်မြောက်ပိုင်း ရဲ့ ၅၅ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဂျွန်ဆင်ဟာ နိုင်ငံရဲ့ဘဏ္ဍာငွေ စတာလင်ပေါင် ၈၀ဝ ဘီလီယံ၊ စစ်သား ၁၅၀ဝ၀ဝ နဲ့ နျူကလီးယား ခလုတ်တို့ကို တာဝန်ယူပြီး ဗြိတိန်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဂျွန်ဆင်က သူ့ရဲ့ အစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းပြီးမှ အုပ်ချုပ်ရေးတာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ကြီး အဖွဲ့ဝင်ထဲက ဘဏ္ဍာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ရွေးချယ်ရေးကို ဒီကနေ့ ညပိုင်းမှာ ဆောင်ရွက်မှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံ ဖြေကြားမှာဖြစ်ပါတယ်။

လက်ရှိဝန်ကြီးတွေဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး၊ တရားရေးရာ ဝန်ကြီးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးတို့က ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂကနေ အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ခွာမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ ဘောရစ်ဂျွန်ဆင် လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးလို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။

 

mdn

 

ဝန်ကြီးချုပ်သစ်ဟာ ဗြိတိန်ပါလီမန်အတွင်းမှာ အိုင်ယာလန်မြောက်ပိုင်းရဲ့ ထောက်ခံမှုကို ရရှိဖို့ဆိုတာ ဝန်ကြီးချုပ်ဟောင်း မေ လိုပဲ အခွင့်အရေးက နည်းပါးတာကို တွေ့ရပါတယ်။ လေဘာပါတီ၊ လစ်ဘရယ် ဒီမိုကရက် နဲ့ SNP ပါတီတွေက ဘရစ်ဇစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ  ထောက်ခံမှုမပေးဘူးလို့ ပြောဆိုသံတွေလည်း ထွက်နေပါတယ်။ 

MDN
ကိုးကား - AFP