၂၃ အောက်တိုဘာ
ဗြိတိန်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကြားက ကုန်သွယ်ရေး သဘောတူညီချက်ကို ဒီနေ့ (သောကြာနေ့)မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ထားကြောင်း၊ ဂျပန်နဲ့ ကုန်သွယ်ရေး သဘောတူညီဟာ ဘရက်ဇစ် အပြီး ဗြိတိန်အတွက် အဓိက အကြီးဆုံး သဘောတူညီချက် ဖြစ်လာကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံ အစိုးရက နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးအတွက် စတာလင်ပေါင် ၁၅.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉.၅ ဘီလီယံ) အထိ မြှင့်တင်ရန် အခွင့်ရေး ရရှိထားကြောင်း၊ ဂျပန်နဲ့ ကုန်သွယ်ရေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်မယ်လို့ သိရပါတယ်။
အခု သဘောတူညီချက် ရရှိရန် နွေရာသီ တစ်ခုလုံး ဆွေးနွေးခဲ့ရပါတယ်။
ဗြိတိန်နဲ့ သဘောတူချက်ကို နှစ်ကုန်ပိုင်းမှာ အကျိုးသက်ရောက်အောင် ဂျပန်လွှတ်တော်က သဘောတူညီချက် ရရှိအောင် လုပ်ရန် လိုအပ်နေသေးကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ဗြိတိန်-ဂျပန်ကြားက ကုန်သွယ်ရေးမှာ စတာလင်ပေါင် ၃၀ ဘီလီယံအထိ ရှိခဲ့ကြောင်း၊ ကုန်ပစ္စည်း အများစုဟာ အစားအသောက်၊ ငွေကြေးနဲ့ နည်းပညာပိုင်း တွေမှာ ဖြစ်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP