ဘန်ဒါဆီရီဘီဂါဝမ် ဇန်နဝါရီ ၂
ဘရူနိုင်းနိုင်ငံ၌ စက်တင်ဘာလအတွက် စုစုပေါင်း ကုန်သွယ်မှု ဘရူနိုင်း ဒေါ်လာ ၂၅၇၂ ဒသမ ၈ သန်း (အမေရိကန်ဒေါ်လာ ၁၉၁၉ ဒသမ ၁ သန်း) စံချိန်တင်ရရှိခဲ့သည့်အတွက် နှစ်အလိုက် ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနရှိ စီးပွားရေး၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးနိုင်ငံတကာ ကုန်ပစ္စည်း ကုန်သွယ်မှု စာရင်းအင်းအရ ဘရူနိုင်းနိုင်ငံ၏ ပို့ကုန်သည် အဓိကအားဖြင့် တွင်းထွက်စက်သုံးဆီတင်ပို့မှု မြင့်တက်လာသောကြောင့် ဘရူနိုင်း ဒေါ်လာ ၁၆၁၂ ဒသမ ၂ သန်းရရှိသည့်အတွက် နှစ်စဉ် ၂၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာ ကြောင်း သိရသည်။
ထို့အပြင် သွင်းကုန်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဘရူနိုင်းဒေါ်လာ ၉၅၂ ဒသမ ၃ သန်းရရှိရာမှ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် ဘရူနိုင်းဒေါ်လာ ၉၆၀ ဒသမ ၆ သန်း ရရှိသည့်အတွက် အနည်းငယ် မြင့်တက်လာသည်ဟု သိရသည်။
ဘရူနိုင်းနိုင်ငံ၏ ပို့ကုန်အများဆုံးနိုင်ငံမှာ ဩစတြေးလျ နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဂျပန်၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘရူနိုင်းနိုင်ငံ၏ သွင်းကုန်အများဆုံးနိုင်ငံ မှာ မလေးရှားနိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဆော်ဒီအာရေဗျ ယူအေအီးနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ