ဘန်ဒါဆီရီဘီဂါဝမ်    ဇွန်   ၂၄

ဘရူနိုင်းနိုင်ငံတစ်ဝန်းတွင် ဇွန် ၂၂ ရက်က ဘရူနိုင်း စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုခြင်းနေ့အဖြစ် ကျင်းပခဲ့ပြီး   စွန့်ပစ်စက္ကူပစ္စည်း များ၊ ဗီရိုအဟောင်းများနှင့် ပလတ်စတစ်ပုလင်းများ စသည့်စွန့်ပစ် ပစ္စည်း ကီလိုဂရမ် ၃၀၀၀ ကျော် စုဆောင်းကောက်ယူခဲ့ကြကြောင်း ဒေသမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

ပတ်ဝန်းကျင်၊    ဥယျာဉ်နှင့်  အပန်းဖြေရေးဦးစီးဌာနက ကြီးမှူးကာ    အသုံးပြုပြီး    ဟင်းချက်ဆီ ၃၉၂ ဒသမ ၃ လီတာ၊ လစ်သီယမ် ဘက်ထရီ    ၆၂   လုံး၊   အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း ၅၇၈ ခုနှင့် ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်း ၉၂၉   ခုတို့ကိုလည်း    စုဆောင်းကောက်ယူခဲ့ကြကြောင်း     ဇွန် ၂၃ ရက်က ဘော်နီယိုဘူလက်တင် သတင်းစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အစပျိုးလုပ်ဆောင်မှုသည် ပြည်သူလူထုအတွင်း ပြန်လည်အသုံးပြုခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို နားလည်လက်ခံပြီး ပူးပေါင်းပါဝင်မှုမြင့်တက်လာစေရန် ဘရူနိုင်း အစိုးရ၏   ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်းရရှိနိုင်သော ပြန်လည်အသုံးပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို မိတ်ဆက်ခြင်းလည်းဖြစ်ကြောင်း   သိရသည်။                  

ဆင်ဟွာ