ဘန်ဒါဆီရီဘီဂါဝမ်၊ ၁၅ဒီဇင်ဘာ

 

ဘရူနိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ မတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ ဘရူနိုင်းတစ်နိုင်ငံလုံး ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၁၅၂ ဦးတွင် ရပ်တန့်လျက် ရှိသည်။

 

ရောဂါကူးစက်ခံရပြီးနောက် ရောဂါပျောက်ကင်းသွားသူ အရေအတွက်စုစုပေါင်း ၁၄၈ ဦး ရှိပြီး အမျိုးသား ကန့်သတ်စောင့်ကြည့်ဌာနတွင် ကုသမှုခံယူနေသူတစ်ဦးရှိသည်။ ဘရူနိုင်းနိုင်ငံ၌ ရက်ပေါင်း ၂၂၂ ရက်အထိ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားမှု မရှိခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း ရောဂါကြောင့် သေဆုံးသူ သုံးဦးသာရှိခဲ့ရာ အရှေ့တောင် အာရှဒေသတွင် ကိုဗစ်-၁၉ ကို အောင်မြင်စွာ ထိန်းချုပ်နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

 

ဆင်ဟွာ