ဂျေရုဆလင် ဖေဖော်ဝါရီ ၄
အစ္စရေးနိုင်ငံရှိ ဘတ်စ်ကားပြေးဆွဲသည့် လုပ်ငန်းများသည် ၂၀၂၆ ခုနှစ်မှစတင်၍ လျှပ်စစ်ကားများ ကိုသာ ဝယ်ယူပြေးဆွဲသွားရမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ယမန်နေ့တွင် ကြေညာခဲ့သည်။
ကနဦးအနေဖြင့် နိုင်ငံအတွင်း ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ကား အနည်းဆုံး ၃၀ ရာခိုင်နှုန်း အသုံးပြု သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ နိုင်ငံအတွင်းရှိ အများပြည်သူဆိုင်ရာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများသည် ၂၀၃၆ ခုနှစ်မှစတင်၍ ဖန်လုံအိမ် ဓာတ်ငွေ့ကင်းစင်သည့် လုပ်ငန်းအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း ဒီဇယ်ဆီဖြင့် ပြေးဆွဲသော ဘတ်စ်ကား အရေအတွက်မှာ တစ်ရာခိုင်နှုန်းအောက်လျော့နည်းသော်လည်း ယင်းဘတ်စ်ကားများမှ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု ၁၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ယခု အသုံးပြုရန် ဆောင်ရွက်နေသည့် လျှပ်စစ်ကားများသည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ