ရန်ကုန် နိုဝင်ဘာ ၁၃

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘိုးဘွား ရိပ်သာနှင့် မိဘမဲ့ဂေဟာများသို့ ဆက်သွယ်ရေးအော်ပရေ တစ်ခုဖြစ်သည့် MPT မှ တန်ဆောင် တိုင်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၁ ရက်က ငွေကျပ်သိန်း ၅၅၀ တန်ဘိုးရှိ စားသောက်ကုန်နှင့် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အထောက်အကူပြုနိုင်ရန် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ နှင့် MPT အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင် ဘာလအတွင်းက မြန်မာ့မီးရထား ဆေးရုံ (အင်းစိန်)သို့ မျက်စိစမ်း သပ်ခန်းတွင် အသုံး ပြုသည့် အမေရိကန်ဒေါ်လာ ၄၈၀၀ တန်ဖိုးရှိ Non-contact Tonometer(NCT) Ct-800 ရေတိမ်တိုင်းစက်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း ၅၀၀ ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး နိုဝင်ဘာလတန်ဆောင် တိုင်ပွဲတော် ကာလ၌ နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများသို့ ငွေကျပ် သိန်း ၅၅၀ တန်ဖိုးရှိ စားသောက်ကုန်များ၊ ဦးထုပ်၊ မျက်နှာသုတ်ပုဝါနှင့် နှာခေါင်းစည်းများအပါအဝင် ထောက်ပံ့ငွေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ -  - သစ္စာ(သတင်းစဉ်)