မြင်းမူ   မတ်   ၂၆

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ် ရပ်ကွက်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၏ သောက်သုံးရေ လိုအပ်ချက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံလှူဒါန်းပေးပို့လျက်ရှိသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိကြသည့် ဆရာတော် သံဃာတော်များအတွက် သောက်သုံးရေဖူလုံစေရေး လိုအပ်သည့်ရေပမာဏကို လိုက်လံပို့ဆောင် လှူဒါန်းပေးလျက်ရှိကြောင်း၊ လက်ရှိအနေဖြင့် မြို့ပေါ်ကျောင်းများဖြစ်သည့် စွန်းလွန်းကျောင်းနှင့် ကံသာအောက်ကျောင်းများသို့ တစ်ကျောင်းလျှင် ရေဂါလန် ၁၆၀၀ စီ ပေးပို့လှူဒါန်းပြီးဖြစ်ဖြစ်ကာ ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့လည်း အလှည့်ကျပို့ဆောင် ပေးပို့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးထံမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)