ကျောင်းကုန်း ၁၀ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘုရားကြီးကုန်း- မကျီးချောင်- ကြာဂရက် ကျောက်ခင်းလမ်း (၁)မိုင် လမ်းခင်းနေမှုနှင့် တံတားတည်ဆောက်နေရာသို့ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ယခုတည်ဆောက်သည့် တံတားသည် မကျီးချောင်အုပ်စု စာဖြူစုကျေးရွာနှင့် ဆောက်အိုင်အုပ်စု ကျီးအိုင်ကျေးရွာတို့ ဆက်သွယ်မည့် တံတားဖြစ်ပြီး ကွန်ကရစ်အမျိုးအစား တံတားဖြစ်ကာ အရှည်ပေ(၁၀ဝ)၊ အကျယ်(၂၀)ပေ၊ ရေလမ်းကင်းလွတ်နယ်မြေ (၆)ပေရှိကြောင်း၊ ပြည်ထောင်စုဘတ်ဂျက် ၂၇၇ ဒသမ ၃၄ သန်းဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်၍ မေလတွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဦးစီးဌာန တာဝန်ခံ ဒေါ်ဆုသီရိမွန်က ပြောသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)