မန္တလေး ၃၀ မေ
မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး)တွင် နိုင်ငံခြားသားဝင်ကြေးကို လာမယ့် ဇူလိုင်လက စတင်ပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။
မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသား ဝင်ခွင့်ကောက်ခံရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
"လွှတ်တော်မှာ အတည်ပြုပြီးတော့ ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနနဲ့ သာသနာရေးဝန်ကြီးကလဲ ကျွန်တော်တို့ကို ကန့်ကွက်စရာမရှိကြောင်း စာပို့ပြီးတော့ ဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၁ ရက် ၇ လ၂၀၁၉ နေ့မှာ နိုင်ငံခြားသားဝင်ခွင့်ကို စတင်ကောက်ခံမည်ဖြစ်ပါတယ်'' ဟု မဟာမုနိဂေါပကအဖွဲ့ဝင် ဦးသန်းလွင်ထံကပြောသည်။
ဘုရားကြီးတွင် နေ့စဉ် နိုင်ငံခြားသား ဦးရေ ပျှမ်းမျှ ၂၀ဝ ခန့် ဝင်ရောက်လေ့ရှိပြီး နိုင်ငံခြားသားဝင်ကြေး တစ်ဦးကို မြန်မာငွေ ၅၀ဝ၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်