ဘုရားကိုမြင်ခြင်း ကိုယ်ကျင့်တရားဆိုင်ရာနှင့် ဘဝအမြင်ဆောင်းပါးများ

၁၁ ဧပြီ

 

ဘာသာရေးဆိုင်ရာဆောင်းပါး ဖတ်ရှုလိုသူများအတွက် စာရေးသူဉေယျစီစဉ်ရေးသားသည့် ဘုရား ကိုမြင်ခြင်း ကိုယ်ကျင့်တရားဆိုင်ရာ နှင့်ဘဝအမြင်ဆောင်းပါးများ စာအုပ်ထွက်ရှိလာသည်။

 

သဒ္ဒါတရားအခြေခိုင်သူတို့သည် ဘုရားကိုမြင်သဖြင့် တရားကိုမြင်သူများဖြစ်ကြပေလိမ့်မည်။ တရားကိုမြင်သောကြောင့်ဘုရားကိုမြင်သောသူများဖြစ်ကြပေလိမ့်မည်။

 

၁

 

ဘုရားကိုမြင်ဖို့သည်လည်းသဒ္ဒါတရားပင်ဖြစ်သည်။ စစ်မှန်သော သဒ္ဒါတရားဟူသည် ပညာနှင့် အမြဲယှဉ်ကပ်ထားသော သဒ္ဒါတရားကိုဆိုလိုသည်။သဒ္ဒါနှင့်စပ်လျဉ်း၍ ပညာအားနည်း၊ သဒ္ဒါသည်းက၊ မရည်းမည်ကာ၊ ယူမ္ဆာိနှိုက်၊ သဒ္ဒါလေးမြတ်၊ ဆည်းကပ်တတ်၏ မဃဒေဝ လင်္ကာကျမ်းတွင် စပ်ဆိုထားသည်။သဒ္ဒါတရားသည် အလွန်အရေးပါသော လူတို့၏ လက်တစ်စုံနှင့်တူသည်။ ဒါန၊ သီလ၊ ဘာဝနာအစ ရှိသော ကောင်းမှုတို့ကိုပြုလုပ်ရာ တွင် သဒ္ဒါတရားတည်းဟူသော လက်မရှိလျှင် ပြုလုပ်နိုင်မည်မဟုတ်ကြောင်းရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်