ဘုရားမီးမှတစ်ဆင့် ကျောင်းဆောင်မီးလောင်ကျွမ်းမှု လောင်းလုံးမြို့နယ်တွင် ဖြစ်ပွား

လောင်းလုံး   ၂၅   မေ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာ၊ မြောက်ကျောင်း ဘုန်းကြီးကျောင်းတွင် မေ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ မြောက်ကျောင်း ဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဝါရသာမိ ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီးမှစတင်လောင်းကျွမ်းကာ ဘုရားကျောင်းဆောင်မှတစ်ဆင့်  ကျောင်းဆောင်အား မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို နှင့် တပ်ဖွဲ့ဝင် (၂၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျေးရွာသား/ရွာသူများ၊ (၁၃၆)တို့ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ မိနစ် ၅၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် အလျား(၆၀)ပေ၊ အနံ(၄၀) ပေ၊ အမြင့်(၃၅)ပေရှိ အောက်ခံအုတ်ခင်း၊ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင်အား လောင်းကျွမ်းခဲပြီး လူနှင့် တိရစ္ဆာန် သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။

 

မိုးဝါ(ပြန်/ဆက်)