မိုင်းရှူး ၁၉ မတ်
ရှမ်းပြည်နယ် တန့်ယန်းမြို့မှ ဘုရားဖူးရန်သွားသော ယာဉ်အမှတ် SHAN 4C/ --- (ဟိုင်းလတ်)ယာဉ်သည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က တန့်ယန်း- မိုင်းရှူး-မိုင်းစံလမ်း မိုင်တိုင်အမှတ်(၄ဝ/၄)နှင့် (၄၀/၅)ကြား အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ စိုင်းဟန်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့သွားပြီး ယာဉ်ပေါ်ပါ ခရီးသည် (၇)ဦးမှာ ဒဏ်ရာများရရှိခဲ့ကြသဖြင့် မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ပို့ဆောင်ဆေးကုသရာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသူ ယာဉ်မောင်း စိုင်းဟန်အား ဥပဒေနှင့်အညီ အရေးယူ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)