ဘုရားသုံးဆူ ၁၀ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ပြည်နယ် ဝန်ကြီး ဉီးမင်းကိုခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကော့ကရိတ်ခရိုင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က နိုင်ငံဆိုင်ရာ ဥပဒေနှင့် သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀ဝ၈) အား ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးမင်းကိုခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောရှားဖောင်အွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ်(ပြန်/ဆက်)