တံတားဦး   ၁၁   မေ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဈေးချိုကျေးရွာရှိ ဇိနမာန်အောင်ဘုရားဝန်းအတွင်းရှိ ရေမော်တာ ခိုးယူသူအား ယနေ့နံနက်(၁၀)နာရီက ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

 

ဖြစ်စဉ်မှာ မေလ(၁၀)ရက်နေ့ နံနက်(၉)နာရီက တံတားဦးမြို့နယ် ဈေးချိုကျေးရွာရှိ ဇိနမာန်အောင် ဘုရား (ဂေါပကအဖွဲ့ဝင်) ဦးရဲမြင့်အောင်(ခ)ကိုရဲ(၂၉)နှစ်သည် ဘုရားဝန်းအတွင်း သောက်သုံးရေတင်ရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံထုတ်(DAYUAN) အမျိုးအစား ၃-မတ်ရေမော်တာဖြင့် အုတ်ကန်အားရေတင်ပြီး ရေပြည့်သည့်အခါ မော်တာကိုပိတ်၍ နေအိမ်သို့ပြန်လာခဲ့ပြီး အဆိုပါနေ့၄ နာရီအချိန် ဘုရားဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိကာ ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်နေရာမှ ရေမော်တာအား မတွေ့ရှိဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရှိရ၍ ကျေးရွာအုပ်ချုပ်ရေမှူး ဦးမောင်မောင်ထံ အကြောင်းကြားခဲ့သည်။

 

ထို့နောက် ကျေးရွာအတွင်းလိုက်လံစုံစမ်းရာ တစ်ရွာတည်းနေ နိုင်ဖူး(၄၂)နှစ်အား ဘုရားဝန်းအတွင်းမှ ပျောက်ဆုံးသွားသော ရေမော်တာကို သယ်ဆောင်ပြီး ရောင်းချရန် သွားလာနေသည်ကို တွေ့ရှိရ၍ ဥပဒေအရ အရေးယူဆောင် ရွက်ပေးရန် ဇိနမာန်အောင်ဘုရား (ဂေါပကအဖွဲ့ဝင်) ဦးရဲမြင့်အောင်(ခ)ကိုရဲမှ ယနေ့မွန်းတည့်(၁၂)နာရီက တံတားဦးမြို့မရဲစခန်းသို့ တရားလိုပြုလုပ် လာရောက်တိုင်တန်းသဖြင့် တံတားဦးမြို့မရဲစခန်းမှ အမှုဖွင့် အ‌ရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည် ။

 

             

ရဲတင့်(ပြန်/ဆက်)