မုံရွာ ၁၅ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ မော်လိုက်၊ ပုလဲမြို့နယ်များတွင် ကုန်ထုတ်လမ်း ငါးလမ်း၊ ရေကျော်တံတား ငါးစင်းနှင့် Box Culvert သုံးစင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၅၆ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

ဆက်လက်၍ ဘုတလင်မြို့နယ်တွင် ကုန်ထုတ်လမ်း တစ်လမ်းနှင့် ရေကျော်တံတား ငါးစင်းကို ငွေကျပ် ၆၆ သန်းဖြင့် လည်းကောင်း၊ မော်လိုက်မြို့နယ်တွင် ကုန်ထုတ်လမ်း နှစ်လမ်းနှင့် Box Culven သုံးစင်းကို ငွေကျပ် ၈၀ ဒသမ ၈ သန်းဖြင့် လည်းကောင်း၊ ပုလဲမြို့နယ်တွင် ကုန်ထုတ်လမ်း နှစ်လမ်းကို ငွေကျပ် ၁၁၀ ဒသမ သုည သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။

 

ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်မည့်လမ်းများ ဖြစ်ပေါ်လာစေရေးအတွက် မြို့နယ်သုံးမြို့နယ်တွင် ကုန်ထုတ်လမ်း၊ မြေသားလမ်း၊ ဂျင်းလမ်း စုစုပေါင်း ၅ လမ်း၊ လမ်းရှည်ပေ  ၃၃၇၁၉ ဒသမ ၄ ပေ၊ မိုင်အားဖြင့် (၅ မိုင် ၁၁ ဒသမ ၀၉ ဖာလုံ)နှင့်  ရေကျော်တံတား ငါးစင်းနှင့် Box Culven သုံးစင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းကျော်မျိုးထံမှ သိရသည်။

 

မွှေးကြူဇင်