ဘုတလင်၊ ၉ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ဘုတလင်-မောင်းထောင်ကားလမ်းပေါ်တွင် JICA ၏ ချေးငွေဖြင့် ကွန်ကရစ်ရေကျော်တံတားနှစ်စင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဘုတလင်-မောင်းထောင်ကားလမ်းပေါ်တွင် ၇၂ ပေ အရှည်ရှိ ကွန်ကရစ်ရေကျော်တံတား တစ်စင်းနှင့် ၃၆ ပေ အရှည်ရှိ ကွန်ကရစ်ရေကျော်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၂၁၄ ဒဿမ ၈၇) သန်းဖြင့် Best Synergy ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိပြီး ကွန်ကရစ် ရေကျော်တံတားများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လက စတင်တည်ဆောက်ခဲ့ရာ ၃၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ဘုတလင်-မောင်းထောင်ကားလမ်းရှိ ကွန်ကရစ်ရေကျော်တံတားနှစ်စင်းကို သတ်မှတ် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် JICA မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း အဆင့် တစ်ခုချင်းအလိုက် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


