ဘုတလင်  ၂၂    စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်ကို ဆက်သွယ်ထားသော ဘုတလင်-ညောင်ကန်-ကနဲ-ကနီလမ်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းပြီး လမ်းအဆင့်မြှင့်တင်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းခိုင်ထံမှ သိရသည်။

 

ဘုတလင်-ညောင်ကန်-ကနဲ-ကနီလမ်း မိုင်တိုင်အမှတ်(၂/ဝ)မှ (၃/ဝ)အထိ အရှည်(၇)ဖာလုံအား မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေအထိ တိုးချဲ့ကာ ကတ္တရာထပ်ပိုးလွှာခင်းပြီး လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၁၇၃ ဒဿမ ၅) သန်းဖြင့် ချမ်းမြေ့ရိပ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

အဆိုပါ လမ်းသည် ဘုတလင်မြို့နယ်အနောက်ဘက်ရှိ ကျေးရွာများနှင့် ကနီမြို့နယ်၏ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများအတွက် ကုန်စည်စီးဆင်းရာတွင် အရေးပါသည့်လမ်းဖြစ်ပြီး တစ်ရက်လျှင် ယာဉ်အစီးရေ(၂၀ဝ)ခန့် နေ့စဉ် ဖြတ်သန်းကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)