ဘုတလင်  ၂     အောက်တိုဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ဆည်ဝကျေးရွာနည်းပညာပေးစင်တာ၌ ယနေ့ နံနက်ပိုင်းက ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(ဆည်ဝ)နှင့် မျိုးစေ့ထုတ်ကွက်၊ စမ်းသပ်ကွက်၊ စံပြကွက်များအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာဆွေက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက  သဘာဝဘေးအထူးရန်ပုံငွေမှ ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ရခြင်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ ကျေးရွာ(ဆည်ဝ)အတွက် ဓါတ်မြေသြဇာများကို ဆည်ဝကျေးရွာ တောင်သူ ဦးတင်မျိုးဝင်းထံသို့လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လင်းက မျိုးစေ့ ထုတ်ကွက်၊ စမ်းသပ်ကွက်၊ စံပြကွက်များအတွက် ဓါတ်မြေသြဇာများကို ကတိုးကျေးရွာ တောင်သူဒေါ်ဖြူထံသို့ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျင်းပပြုလုပ်ရာ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်မေရီကျော်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကိုလေးနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နော်သင်းသင်းအေးတို့က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံကာကွယ်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး အပိုင်းများကို ကဏ္ဍအလိုက် ပို့ချပေးသွားမည်ဖြစ်ကာ အဆိုပါ သင်တန်းသို့ တောင်သူ ၉၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟန်ထွန်း(အင်းဝ)