ဘုတလင် စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်အတွင်း လျင်မြန်စွာသယ်ယူ ပို့ဆောင်ရောက်ရှိစေရန်နှင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ဘုတလင်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လာမည့်ဘဏ္ဍာနှစ်တွင်လည်း ဘုတလင်မြို့နယ်အတွင်း ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရန် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
ဘုတလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ် ၁၃၆ ဒသမ ခုနစ်သန်းဖြင့် မြို့နယ်အတွင်းရှိ မောင်းထောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ သမန်းတော၊ လက်ပံ(တောင်)၊ ညောင်ကုန်း၊ အောင်ချမ်းသာ၊ အောင်သာ၊ ချောင်းမီးတို၊ နှောပင်ကြီး၊ ဝက်ပုတ်(တောင်)၊ စုစုပေါင်းကျေးရွာ ရှစ်ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်ကစတင်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း ဘုတလင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းက ပြောပြ၍ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)