ဘုတလင် ၁၄ ဒီဇင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၃ ရက်၊ နေ့လယ် ၁ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၊ မဟာဗန္ဓုလခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၂၅၆) ဦးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပထမအကြိမ် မသန်စွမ်းသူစာရင်းတွင် မပါဝင်သည့် ကျေးရွာ(၆)ရွာမှ နားမကြားသူ(၉)ဦးနှင့် မျက်မမြင်သူ(၁၆)ဦးအတွက် ထောက်ပံ့ငွေများ ထပ်တိုးပေးအပ်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူ(၂၅)ဦးအတွက် တစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ်(၇)သိန်း၊ (၅)သောင်းကို ပေးအပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် ဒေါ်မြသီတာတို့က မသန်စွမ်းသူ(၂၅)ဦးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါထောက်ပံ့ငွေ ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မသန်စွမ်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)