ဘုတလင်၊   ၂၀   ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက  ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

 

mdn

 

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် အပူချိန်တိုင်းကိရိယာများနှင့် လက်ဆေး ဘေစင်များထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ သတ်မှတ်အကွာအဝေးနှင့်အညီ ပြင်ဆင်ထားရှိမှု၊ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲပြသထားမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြသည်။

 

ဘုတလင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ၁၉ ဆိုင်၊ စားသောက်ဆိုင် ၁၃ ဆိုင် စုစုပေါင်း ၃၂ ဆိုင်ရှိရာ ဆိုင်များအားလုံးကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)