ဘုတလင် ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ဇူလိုင် ၂၉ ရက်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ တည်ပြုလူနာ ၉၃ ဦး ထပ်မံ တွေ့ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်မှ သုံးဦး၊ ယုန်လှေးကုန်းကျေးရွာမှ ၄၄ ဦး၊ ကံသာကျေးရွာမှ ခြောက်ဦး၊ နေပူကုန်းကျေးရွာမှ နှစ်ဦး၊ မြို့သစ်ချောင်းကျေးရွာမှ နှစ်ဦး၊ ဆုံကုန်းကျေးရွာမှ တစ်ဦး၊ မောင်းထောင်ကျေးရွာမှ တစ်ဦး၊ ဝန်ပိုကျေးရွာမှ လေးဦး၊ ရွှေစာရေးကျေးရွာမှ သုံးဦး၊ မြောက်တောကြီးကျေးရွာမှ ၁၄ ဦး၊ ဇီးတောကျေးရွာမှ သုံးဦး၊ မြဝတီရပ်ကွက်မှ သုံးဦး၊ နှောယင်းကျေးရွာမှ နှစ်ဦး၊ စိုင်ပြင်ကျေးရွာမှ တစ်ဦး၊ ထန်းတောကျေးရွာမှ တစ်ဦး၊ ဗန္ဓုလရပ်ကွက်မှ နှစ်ဦး၊ ရွာသစ်ရွှေလက်မှ တစ်ဦး စုစုပေါင်း ပိုးတွေ့လူနာ ၉၃ ဦး ရှိကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ဇွန် ၁၆ ရက်မှစ၍ ယနေ့အထိ စုစုပေါင်း ၃၆၄ ဦးရှိပြီး ဆေးရုံမှ ဆင်းသူ ၂၅၆ ဦး၊ သေဆုံးသူ ခုနစ်ဦးနှင့် ဆေးကုသမှုခံယူနေသည့် လူနာ ၁၀၁ ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


