ဘုတလင် ၁၈ ဇွန်
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာနှင့် အင်းတောမြစ်ရေတင်လုပ်ငန်းတို့တွင် ဆောင်ရွက်လျှက်ရှိသော ချင်းတွင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ (၇၅)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဘုတလင်မြို့နယ် ရွှေစာရေးကျေးရွာတွင် အလျားပေ ၇၅၀ ရှိ မြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၃၀ဝ)ဖြင့် ချမ်းအေးရိပ်ကုမ္ပဏီက ဆောင်ရွက်လျှက်ရှိပြီး အင်းတောမြစ်ရေတင်လုပ်ငန်းတွင် အလျားပေ (၃၀ဝ)ရှိ မြစ်ကမ်းထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀ဝ)ဖြင့် မန်းဇေယျာကုမ္ပဏီက ဆောင်ရွက်လျှက်ရှိကြောင်း ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ချင်းတွင်းမြစ်သည် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ချင်းတွင်းမြစ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပါက မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ရေတိုက်စားမှု၊ ကမ်းပြိုမှုများ မဖြစ်အောင် မြစ်ကမ်းထိန်းနံရံများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ယဉ်မင်းထွန်းက ပြောသည်။
MDN
