ဘုတလင် ၁ ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား (၁၄)ရက်ကြာ စောင့်ကြည့်နိုင်ရန် လူထု အခြေပြုစောင့်ကြည့်စခန်း(၁၂)ခု ဖွင့်လှစ်ထားရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီထံမှ သိရသည်။

ဘုတလင်မြို့နယ်တွင် လူထုအခြေပြုစောင့်ကြည့်စခန်း(Community Based Facility Quarantine) အဖြစ် မြဝတီခန်းမတွင် (၂၂)ဦး၊ မောင်းထောင်ကျေးရွာ(အထက)တွင် (၆)ဦး၊ ဘုရားကြီးကျေးရွာ(အမက) တွင် (၃)ဦး၊ ရွာသစ်ကျေးရွာ(အမက)တွင် (၇)ဦး၊ မကျီးအုပ်ကျေးရွာ(မူလွန်ကျောင်း)တွင် (၂)ဦး၊ ရှမ်းတီး ကိုင်း ကျေးရွာ(အမကခွဲ)တွင် (၃)ဦး၊ ငါးရေဝင်ကျေးရွာ(အမကခွဲ)တွင် (၃)ဦး၊ တော်ဦးဘကျေးရွာ(အထကခွဲ) တွင် (၆)ဦး၊ လက်ပံ(ရှေ့)ကျေးရွာ(အလကခွဲ)တွင် (၃)ဦး၊ ဆိတ်သာကန်ကျေးရွာ(မူလွန်ကျောင်း)တွင် (၁)ဦး၊ ဆည်ကုန်းကျေးရွာ(သီးခြားအဆောက်အဦး)တွင် (၄)ဦး၊ ကျီးပင်ချောင်ကျေးရွာ(သီးခြားအဆောက်အဦး) တွင် (၂)ဦးတို့ ရှိရာ ပြည်ပမှ ပြန်လည်ရောက်ရှိသူ အမျိုးသား(၅၁)ဦးနှင့် အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်း(၆၂) ဦးကို ထားရှိပေးလျက်ရှိသည်။

အလားတူ ဘုတလင်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား မိမိတို့၏ နေအိမ်များ၌ Home Quarantine (၁၄)ရက် စောင့်ကြည့်နေထိုင်သူ အမျိုးသား(၁၁၉)ဦးနှင့် အမျိုးသမီး(၅၇)ဦး၊ စုစုပေါင်း (၁၇၆)ဦး ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

ဖိုးခါး(ပြန်/ဆက်)