ဘုတလင်  ၂၅  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး ထုတ်ပြန်ကြေညာပေးခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ (၁၁၀၀၀၀)ကျော်ရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအရ ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ်()တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၂၅၅ ဦး၊  မဲဆန္ဒနယ်အမှတ်()တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၇၃၃ ဦး၊ စုစုပေါင်း ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၇၉၈၈ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိ၏အမည်စာရင်း မပါဝင်ခြင်း၊ အမည်စာရင်းတွင် အချက်အလက်များ ပြင်ဆင်ရန် လိုအပ်ခြင်း၊ မှာယွင်းခြင်းများရှိခဲ့ပါက သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဟေသီဆုက ပြောသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးမှုနှင့် ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေများကို မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြသည်။

 

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ရက်အထိ (၁၄)ရက်ကြာ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ်()တွင် မဲရုံ (၄၃)ရုံ၊ မဲဆန္ဒနယ်အမှတ် ()တွင် မဲရုံ(၅၇)ရုံ စုစုပေါင်း မဲရုံ(၁၀၀)ရုံ လျာထားကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)

 

Budalin_4