ဘုတလင်  ၂  မတ်

 

တောင်သူများစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ် မောင်းထောင်စံပြကျေးရွာ၊ အာသောကာရုံကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ(ငြိမ်း) ဦးသိန်းဆုက သဘာဝ ဝန်းကျင်မပျက် စိုက်ပျိုးရေး၊ ရာသီဥတုပြောင်းလဲမှုအပေါ် ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ၊ စပါးအစွမ်းဖွင့် နည်းပညာ၊ အိမ်တွင်း သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများကို မတ် ၂ ရက်မှ ၃ ရက်အထိ (၂)ရက်ကြာ စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချမည်ဖြစ်ပြီး သင်တန်းသို့ တောင်သူ ၁၂၀ ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်း ၃၀ ဦး၊ စုစုပေါင်း သင်တန်းသား ၁၅၀ ဦး တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်အေးညို၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ သင်တန်းသား တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)