ဘုတလင် ၁၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ယစ်မျိုးလိုင်စင်များနှင့် ဓာတ်သတ္တု တူးဖော်ခွင့် လိုင်စင်များ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ယစ်မျိုး လိုင်စင်များနှင့် ဓာတ်သတ္တု တူးဖော်ခွင့်လိုင်စင်များ လျှောက်ထားမှုအား စိစစ်ခွင့်ပြုပေးမှုနှင့် လိုင်စင် ရရှိသူများ လိုက်နာရမည့် သတ်မှတ်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယစ်မျိုးလိုင်စင်များနှင့် ဓာတ်သတ္တု တူးဖော်ခွင့်လိုင်စင်များကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ ယစ်မျိုးလိုင်စင်များနှင့် ဓာတ်သတ္တု တူးဖော်ခွင့်လိုင်စင်များ ပေးအပ်ပွဲသို့ ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးမောင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ ပြည်သူ့ဝန်ဆောင်မှု ရုံး(OSS)တွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လိုင်စင်ရရှိသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)