ဘုတလင် ၁၅ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နှစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်၊ မနက်ပိုင်းက ဆေးရုံက ဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင်က ပြောသည်။

 

ဆေးရုံက ဆင်းခွင့်ရသည့် ဘုတလင်မြို့နယ်၊ ဝက်ရဲကျေးရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးသည် ရန်ကုန်မြို့မှ ပြန်လာသူများ ဖြစ်ပြီး အဆိုပါပိုးတွေ့လူနာများ၏ ဓာတ်ခွဲနမူနာများကို နိုဝင်ဘာ ၄ ရက်က မန္တလေးမြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိ ကြောင်းကို နိုဝင်ဘာလ ၅ ရက်က သိရှိခဲ့ရသည်။

 

ဆေးရုံက ဆင်းခွင့်ရပေမယ့် နေအိမ်တွင် ၇ ရက် ဆက်လက် ကန့်သတ်နေထိုင်ရမည် ဖြစ်ပြီး ဘုတလင်မြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်အထိ အတည်ပြုလူနာ ၁၆ ဦး ရှိခဲ့ရာ အတည်ပြုလူနာအားလုံး ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။

 

ဖိုးခါး(ပြန်/ဆက်)