ဘုတလင်  ၂၅  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့လယ်ကားဂိတ်တွင် ယနေ့နံနက် (၉)နာရီက နေရပ်ပြန် လာသူများနှင့် ခရီးသွားမော်တော်ယာဉ်များအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

5

 

မုံရွာ-ဘုတလင်-ရေဦး လမ်းပေါ်တွင် ဖြတ်သန်းသွားလာကြသော ခရီးသည်တင်မော်တော်ယာဉ်များ မိမိတို့ နေရပ်ပြန်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်နှိုးဆော်ထားသည့် ကျန်းမာရေးပညာပေး ဆောင်ရန်ရှောင်ရန် အချက်များအတိုင်း လိုက်နာနေထိုင်ပေးကြရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

369

 

ထိုသို့အသိပညာပေး ကျန်းမာရေးစစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟန်ထွန်း(အင်းဝ)

 

4582369