ဘုတ်ပြင်း ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်ရှိ ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဘုတ်ပြင်းမြို့ ပုလဲရွေရည်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေး ဆက်လက်ထောက်ပံ့သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ကျော်အာင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က ဘုတ်ပြင်းမြို့ အလယ်မန် ကျေးရွာအုပ်စု ကျေးရွာ နှစ်ရွာနှင့်ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကျေးရွာ သုံးရွာမှ ဆလုံတိုင်းရင်းသား အိမ်ထောင်စု ၁၀၃ စုကို အိမ်ထောင်စု တစ်စုလျှင် ဆန် သုံးအိတ်၊ ဆီ ငါးပိဿာနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)