ဘုတ်ပြင်း ဇူလိုင် ၉

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနက ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့် ရေပြင်အသက်ကယ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ် ဗိုလ်လှဖေတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်သည်။

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် ဘုတ်ပြင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ် ဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းအဖွဲ့များက ပင်လယ်အတွင်း စက်လှေမီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေး ရေယာဉ်ဖြင့် မီးလောင်နေသော စက်လှေအား မီးငြှိမ်းသတ်ခြင်း၊ ရေယာဉ်ပေါ်မှ လုပ်သားများအား ကယ်ဆယ်၍ အရေးပေါ်ရှေးဦးပြုစုခြင်း၊ လူနာများအား ဗိုလ်လှဖေတံတားအတွင်း အသင့်ရှိနေသည့် ပရဟိတအရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်းများကို စုပေါင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)