ဘုတ်ပြင်း ဒီဇင်ဘာ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးစေရေး တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၆ ရက်က ချောင်းတာစူးကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ယင်းသို့ မီးဘေးအန္တရာယ်ကင်းဝေးစေရေး စစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တပ်ဆင်အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများ၏ ခံနိုင်ရည်ရှိမှု၊ ဆိုလာမီးတပ်ဆင်အသုံးပြုမှု၊ မီးဖိုဆောင်အသုံးပြုမှု စသည့်တို့ကို စစ်ဆေးခြင်း၊  မီးဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက အရေးပေါ်အသုံးပြုနိုင်မည့် မီးချိတ်/မီးကပ်များ၊ သဲပုံးရေပုံးများ လုံလောက်မှုရှိ/မရှိ၊ စစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြူဖြူသိန်း(ပြန်/ဆက်)