ဘုတ်ပြင်း အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံ ဆလုံတိုင်းရင်းသားများအား ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာန သပြေခန်းတွင် ကျန်းမားရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ပေးအပ်ခဲ့သည်။
ပေးအပ်ရာတွင် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဒေသခံ ဆလုံတိုင်းရင်းသားများအား ထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို ပေးအပ်သည်။
ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စုရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စု ၆၆ စု၊ ကရသူရိမြို့ မသေကျေးရွာအုပ်စုအတွင်းရှိ ဆလုံတိုင်းရင်းသား အိမ်ထောင်စု ၁၇ စု စုစုပေါင်း အိမ်ထောင်စု ၈၃ စုအား အိမ်ထောင်စု တစ်စုလျှင် ၃ လက်မခွဲ ဂဏန်းပိုက် ၁၀ ဖုံ၊ ကင်းမွန်းမျှား အရုပ် ၆ ရုပ် နှုန်းဖြင့် ဂဏန်းပိုက် ၈၃၀ ဖုံ၊ ကင်းမွန်မျှားအရုပ် ၄၉၈ ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)