ဘုတ်ပြင်း ဒီဇင်ဘာ ၂၆                        

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံနှင့် ရပ်ကွက်/ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနံပေးလျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက်က ကိုယ်ဝန်ဆောင ်အမျိုးသမီးများနှင့် နို့တိုက်မိခင်များကို ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များကို ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၆ ရက်ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

 

မြို့နယ်( ပြန်/ဆက်)