ဘုတ်ပြင်း ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၇ ရက်က ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်း အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး ဇုန်မန်နေဂျာနှင့် ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စိုက်ပျိုးရေးဇုန်မန်နေဂျာ ဦးမင်းကိုက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


