ဘုတ်ပြင်း ၊ ၂၈   မေလ    

         

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက - ဘုတ်ပြင်းကျောင်း နဝရတ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ Mask နှင့် Face Shield စသည့်တို့ကို ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်

         

သန်းထွန်းဦး( ပြန်/ဆက်)