ဘုတ်ပြင်း ၊ ၁၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မြို့နယ်အဆင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာရှိ ကွင်းအမှတ် ၂၁/oss ထောင်ခမက်ကြေးတိုင်မြေ တောင်သူ ဦးဉာဏ်ထွန်း၏ ပေါ်ဆန်း မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွှန့်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ က ဘက်စုံအဆင့်မြင့် နည်းပညာသုံး အောက်လိပ် စံပြကျေးရွာမှ တောင်သူ ဦးဉာဏ်ထွန်း ၏ မိုးစပါးစံကွက်တွင် ၆ ဒသမ ၆ ပေ ပတ်လည် ကိုရိတ်သိမ်းခဲ့ရာ ပေါ်ဆန်း စပါးမျိုးတွင် ပျှမ်းမျှတစ်ဧကလျှင်အထွက် ၅၂ ဒသမ ၃၅ တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)


