ဘုတ်ပြင်းနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ ဧပြီ

 

ကရသူရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာ၏ အနောက်ဘက် ဒီရေတောထဲရှိ စက်လှေပေါ်တွင် မြင့်အောင်၊ ထွန်းဝင်းဦး(ခ)ထွန်းဦး၊ တာရာစည်သူ(ခ)ကင်းငယ်နှင့် မစန်းနွယ်တို့အား တွေ့ရှိ၍ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မစန်းနွယ်မှာ ထွက်ပြေးသွားပြီး စက်လှေအားရှာဖွေရာ ဘိန်းစာမှုန့် ၃၉ ဒသမ ၂၇၃၆၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ဧပြီ ၂၃ ရက် နံနက် ၄ နာရီတွင်  မူးယစ်တပ်ဖွဲစု (၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ခရီးသည် ယိန်းဇုန်း၏ခရီးဆောင် အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

(သတင်းစဉ်)