မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ဘူးသီးကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။
ဘူးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် အသီးများ ခူးဆွတ်ရောင်းချရ ကြောင်း၊ ဘူးသီးကို စိုက်ပေါင်ပြုလုပ်ပြီး တစ်ကျင်းနှင့် တစ်ကျင်းတစ်ပေခြား၍ စင်တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဘူးသီးအလုံးရေ ၆၀၀၀-၈၀၀၀ ခန့်ထွက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြကြောင်း၊ ဘူးသီးနှံစိုက်ပျိုး ခြင်းသည် ဘူးသီးများသာမက ဘူးညွန့်များကိုပါ ရောင်းချရသောကြောင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။
DOCA (မန္တလေး)