ဘူးသီးတောင် မေ ၁၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေ ၁၄ ရက်က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဆောင်မှုဖြင့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများက ယနေ့နံနက်ပိုင်းက ဦးဥတ္တမခန်းမ၌ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာ (၅)ရွာရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များအား မီးရထားဆိပ်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ တောင်ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ကျောက်ဖြူတောက်ကျေးရွာ၊ တပ်မင်းချောင်းကျောင်းရွာ၊ ဘဒနာကျေးရွာ၊ လောင်းချောင်းကျေးရွာ၊ ငကျည်တောက်ကျေးရွာများရှိ အိမ်ထောင်စု စုစုပေါင်း (၄၈၇)စုအတွက် ဆန်(၃၁)အိတ် (၆)ပြည်(၆)ဘူး၊ ဆီ(၃၇)ပိဿာ (၅၀)ကျပ်သား၊ ဆား(၇)ပိဿာ၊ (၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်(၂၀)ဖာတို့အား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် လေဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)