မောင်တော ၅ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇာနွယ်ဦး ဦးဆောင်၍ ဝန်ထမ်းများက တိုက်ပွဲရှောင်စခန်းများအား ဆန်(၄၂၇)အိတ် ထောက်ပံ့ ခြင်းကို ဇန်နဝါရီ ၃ ရက်နေ့က အဆိုပါ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင်း ဘူးသီးတောင်မြို့အတွင်းတွင် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် မိသားစုများမှ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ သီရိမင်္ဂလာရွာမ ဘုန်းကြီးကျောင်းတွင် လာရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးအတွက် တတိယအကြိမ် ဆန်ရိက္ခာ(၁)လ စာ ဆန် (၁၅)အိတ်၊ (၇)ပြည်၊ (၄)ဘူးအား သီရိမင်္ဂလာရွာမဘုန်းကြီးကျောင်း ဆရာတော်ကြီးထံ ထောက်ပံ့လှူဒါန်းခဲ့ပြီး ဆက်လက်၍ တိုက်ပွဲရှောင်စခန်း(၇)ခုမှ အိမ်ထောင်စု(၂၇၅)စု၊ လူဦးရေ(၁၃၂၁)ဦးအတွက် ဆန်ရိက္ခာ(၁) လစာ၊ ဆန်(၄၁၂) အိတ်၊ (၁၉) ပြည်၊(၄)ဘူးအား စခန်းတာဝန်ခံများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)