မောင်တော ၁၅ ဒီဇင်ဘာ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်းများက  တိုက်ပွဲရှောင်စခန်းများအား ဆန် ၇၈၈ အိတ် ထောက်ပံ့ခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က အဆိုပါ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

a

 

ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် စေတီတောင်ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုစုပေါင်းစုရပ် စခန်း (၄) ခုတွင် ရိက္ခာထပ်မံလိုအပ်လျှက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၁၇၉)စု၊ လူဦးရေ (၅၄၁၀) ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန် အိတ် (၇၈၈) အိတ် (၂၃)ပြည်အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)