ဘူးသီးတောင် ဇွန် ၂

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ခွင့် ရရှိဖို့ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့ နံနက်ပိုင်းက စတင်၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂ ၀၂၃ပညာသင်နှစ် အတွင်း အခြေခံပညာ ကျောင်း ပေါင်း(၂၁၀)ကျောင်းရှိပြီးအထက် တန်း ကျောင်း(၆) ကျောင်း ၊အထက်တန်း ကျောင်း(ခွဲ)(၇) ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)(၁၆)ကျောင်း၊ မူလွန်(၈၂) ကျောင်း၊မူလတန်း ကျောင်း(၅၃)ကျောင်းနှင့်မူလတန်းကျောင်း(ခွဲ)(၄၂) ကျောင်း ဖြစ်ပြီး KG တန်းမှစ၍ Grade 11 အထိ ကျောင်းများဖွင့်လှစ် ပညာသင်ကြားလျက်ရှိရာ ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဘူးသီးတောင်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား/ကျောင်းသူ( ၂၅၀၃၄ )ဦး အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်ထံမှ သိရသည်။

 

လှကျော်(မြို့နယ်ပြန်/ဆက်)