မောင်တော ၇ မေ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၃၈.၅၀ သန်းဖြင့် ဂန္ဓာမာကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများအား ၂၀၁၉ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဧပြီ ၂၅ရက်နေ့တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး မေ ၄ ရက်နေ့တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်မှ ကျေးရွာရေကော်မတီအား လွှဲပြောင်းခဲ့ကြပြီး ကျေးရွာတွင် လက်ရှိရေသုံးစွဲနေမှု အခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြသည်။
ယင်းကျေးရွာရှိ အိမ်ခြေ (၆၀)၊လူဦးရေ (၂၈၀) အတွက် နှစ်စဉ် နွေရာသီ၌ ရေရှားပါးမှုဒဏ်ခံစားခဲ့ကြရပြီး ယခုအခါ ကျေးရွာ ပြည်သူများ ရေလုံလောက်စွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)


