ဘူးသီးတောင် အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့ နံနက် ၈ နာရီက ဘူးသီးတောင်-မောင်တောသွား ကားလမ်းပိုင်းရှိ မြို့ဝင်/ထွက်ဂိတ်၌ လမ်းသွား/လမ်းလာ သူများနှင့် ဈေးရောင်း/ဈေးဝယ်သူများအား Mask Campaign ပြုလုပ်ကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြည်သူများအား နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ အိုမီခရွှန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး ဘီအေ-၅ အမျိးအစားသည် ရောဂါကူးစက်မှုများ ယခင်ကထက် များပြားလာသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)