ဘူးသီးတောင် မေ ၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေ ၁၄ ရက်က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လေဘေးသင့် နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို မေ ၂၀ ရက်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုနှင့် နန်းရာကုန်ကျေးရွာအုပ်စု စာသင်ကျောင်းတို့၌ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက လေဘေးသင်ပြည်သူများအား အားပေးစကား ပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၄၀၀၊ လူဦးရေ ၁၃၆၅ ဦးတို့အတွက် ဆန် ၉၉ အိတ်၊ ၁၂ပြည်၊ ၆ ဘူးနှင့် ဆီ ၇၇.၉၆ ပိဿာ၊ ဆား ၂၃.၈၉ ပိဿာ၊ ခေါက်ဆွဲခြောက် ၅၀ ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)