မောင်တော  ၂၄  နိုဝင်ဘာ

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်  ဘူးသီးတောင်မြို့နယ် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ်(၃၈၁.ဝ၁၄)သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ငကျဉ်တောက် -ပြင်ခေါင်-ကထိလှလမ်း(၉/၄)မိုင်ပေါ်ရှိ ပြိန်းချောင်းဘေလီတံတား ပေ(၁၂၀) တစ်စင်း ၊ တံတားချဉ်းကပ် လမ်း(၄၉၇)ပေ ကွန်ကရစ်ခင်းနှင့် ကျောက်စီမြေထိန်းနံရံ(၂၀x၁၅)ပေ (၄)ခု တည်ဆောက်ခြင်း လုပ်ငန်းများအား  စတင်ဆောင်ရွက်မှု အခြေအနေအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလအတွင်း မောင်တော ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ လမ်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြေသားလမ်း(၉/၄)မိုင်၊ ကွန်ကရစ် အဆင့်မြှင့်တင်ခြင်း (၃/၁)မိုင် ၊ (၁၂၀)ပေ သံကူ ကွန်ကရစ် တံတား(၁)စင်း၊ (၈၀)ပေ သံကူကွန်ကရစ် တံတား (၂)စင်း ၊ ပေ(၃၀) သံကူကွန်ကရစ်တံတား(၃) စင်း၊ ပေ (၂၀) သံကူကွန်ကရစ်/ဘေလီတံတား(၃)စင်း၊ (၁၅)ပေ သံကူကွန် က ရစ် တံတား (၂)စင်း၊ (၁၀)ပေ တံတားငယ် (၅)စင်း နှင့် (၅)ပေ Box Culvert (၇)စင်း တို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၆၀ဝ.ဝ၁၆)သန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ် ဆောင်ရွက်နေသည့် လမ်း/တံတားလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဘူးသီးတောင်မြို့နှင့် မောင်တော မြို့များသို့ ရာသီမရွေးကူးလူး ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ဒေသခံ ကျေးရွာ(၉)ရွာ အိမ်ခြေ(၉၇၀)၊ လူဦးရေ (၄၃၅၀)ဦးတို့၏ ပညာရေး ၊ကျန်းမာရေး၊ စီးပွားရေး ၊လှုမှုစီးပွားဘဝများ ပိုမိုတိုးတက် ကောင်းမွန်၍ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး (ပြန်/ဆက်)